Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ရေဘေးသင့်ကျေးရွာများ၌ ရေတွင်းများ တွင်းဆေးတွင်းမှုတ်ပြုလုပ်နေမှု ကြည့်ရှုစစ်ဆေး


24 Sep,2024

နေပြည်တော် စက်တင်ဘာ ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ သာယာကုန်း ကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လေမှုတ်စက်များဖြင့် ကိုယ်ပိုင်တွင်းတိမ်များ တွင်းဆေးတွင်းမှုတ်ပြုလုပ်နေမှုကိုလည်းကောင်း၊ ကျေးရွာ သောက်သုံးရေ ရရှိရေးအတွက် အမြင့်တင်ရေစင် တည်ဆောက်ပြီး ရေဖြန့်ဝေပေးလျက်ရှိသည့် ပေ ၂၅၀ တွင်းနက် အား တွင်းဆေးတွင်းမှုတ် ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ဇေယျာသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်ချင်းဆက် အရှည် ပေ (၂၈၀) ရှိ ညောင်ပင်သာ-သာယာကုန်း တံတားသို့ သွားရောက်ပြီး ရေတိုက်စားခဲ့မှုကြောင့် ထိခိုက် ပျက်စီးခဲ့သော ချဉ်းကပ်လမ်းပြန်လည်ပြုပြင်ပေးရမည့်နေရာနှင့် မြေထိန်းနံရံများ ပြန်လည်ပြုပြင်ပေး ရမည့်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ညောင်ပင်ကြီးကျေးရွာသို့ သွားရောက်ပြီး တွင်းဆေးတွင်း မှုတ် ဆောင်ရွက်နေသည့်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါကျေးရွာတွင် တွင်းဆေး တွင်းမှုတ်ပြုလုပ်ပေးရမည့် ရေတွင်းပေါင်း (၄၀) ရှိသည့်အနက် (၃၅) တွင်း ဆောင်ရွက်ပြီးစီးပြီး ကျန် (၅) တွင်းအား ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ရေကြီးနစ်မြုပ်သွားသော ကျေးရွာ (၁၅၄) ရွာတွင် သောက်သုံးရေအတွက် အသုံးပြုလျက်ရှိသော အများသုံးနှင့်ကိုယ်ပိုင် တွင်းတိမ်တွင်းနက် (၈၂၅၂) တွင်း ရှိသည့်အနက် ပြန်လည်၍ တွင်းဆေးတွင်းမှုတ် ပြုလုပ်ရန် လိုအပ်သောအရေအတွက်မှာ (၄၅၇၉) တွင်း ဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် အဖွဲ့ပေါင်း (၁၅) ဖွဲ့ခွဲ၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ယနေ့အချိန်ထိ (၁၅၅၆) တွင်း ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။ ကျေးရွာအသီးသီးသို့ ပြန်လည်နေထိုင်သောလူဦးရေ တဖြည်းဖြည်းများပြားလာပြီဖြစ်ရာ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ကျန်တွင်းများကိုလည်း အချိန်နှင့်တပြေးညီ ပြီးစီးရေး ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ် တွင်လည်း ရွေ့လျားရေသန့်စင် စက်ယာဉ်တစ်စီး ပို့ဆောင်၍ သောက်သုံးရေလိုအပ်သော ကျေးရွာ များသို့ လိုက်လံဖြန့်ဝေ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm