တောင်ကြီး စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမအသင်းစုချုပ်၊ တောင်ကြီးမြို့နယ်သမဝါယမ အသင်းစုနှင့် ရွှေမြို့မသမဝါယမအသင်းတို့မှ ပူးပေါင်း၍ ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ နမ့်ပန် ကျေးရွာ၊ အင်းပေါခုံရွာနှင့် မိုင်းသောက်အင်းရွာများရှိ ရေဘေးသင့် သမဝါယမအသင်းသားများနှင့် ပြည်သူများသို့ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများအား အသင်းအမှုဆောင်များမှ ထောက်ပံ့လှူဒါန်းခြင်းကို အဆိုပါ ကျေးရွာများသို့ သွားရောက်၍ လှူဒါန်းခဲ့သည်။
အဆိုပါ လှူဒါန်းမှုတွင် ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမအသင်းစုချုပ်မှ ငွေကျပ် သိန်း(၅၀)၊ တောင်ကြီးမြို့နယ်သမဝါယမအသင်းစုမှ ငွေကျပ်သိန်း(၅၀)၊ ရွှေမြို့မသမဝါယမအသင်း မှ ငွေကျပ်(၅)သိန်းနှင့် စေတနာရှင်များက ငွေကျပ်(၆.၇၅)သိန်း၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၁၁.၇၅)သိန်းနှင့် ဆန်၊ ဆီ၊ ဆေး၊ သောက်ရေသန့်(၂၄၀)တွဲ လှူဒါန်းခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။