Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တိုက်ကြီးမြို့နယ်၌ ဝင်ငွေတိုးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်


23 Sep,2024

မှော်ဘီ၊ စက်တင်ဘာ ၂၃

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မှော်ဘီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ပိုင်းက တိုက်ကြီးမြို့နယ်၊ အင်းယက်ကြီးကျေးရွာ၊ ကျိုက်ထီးရိုးလေးဘုရားကျောင်း၌ ကျင်းပသည်။

          အခမ်းအနားသို့ တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မှော်ဘီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှခရိုင်ဦးစီးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားတက်ရောက်ကြပါသည်။

          ရှေးဦးစွာ တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဌက အဖွင့်အမှာစကားပြောကြားပြီး မှော်ဘီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှခရိုင်ဦးစီးမှူးက ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက်  ခရိုင်ဦးစီးမှူးက သင်တန်းတွင် အသုံးပြုမည့် သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများနှင့် လက်သုံးကိရိယာများကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

          ယခုဖွင့်လှစ်သော အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းတွင် သင်တန်းသား(၁၅)ဦးအား မော်တော်ဆိုင်ကယ်အစိတ်အပိုင်းတစ်ခုချင်းစီ၏ အလုပ်လုပ်ပုံ၊ တပ်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းများအ‌ကြောင်း၊ ဝါယာရိန်းတပ်ဆင်သွယ်တန်းခြင်းများအ‌ကြောင်း စသည့် ဘာသာရပ်များကို ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ စက်တင်ဘာလ ၂၃ ရက်နေ့မှ အောက်တိုဘာလ ၂၂ ရက်နေ့ အထိ (၁)လကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm