Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ဆည်မြို့နယ်တွင် ရေဘေးသင့်ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်


23 Sep,2024

ကျောက်ဆည် စက်တင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မိုးရွာသွန်းမှုများ သဖြင့် ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ မြေနိမ့်ပိုင်းကျေးရွာများ၊ လူနေအိမ်များ၊ စိုက်ခင်းများတွင် ရေဝင်နစ်မြုပ်မှုများ ဖြစ်ပွားခဲ့ကြောင်းသိရှိပြီး  မြို့နယ်သမဝါယမ ဦးစီးဌာနက ရေဘေးသင့်ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများအား မြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်း ကျောက်ဆည်မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ထွန်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်သန်းနှင့် အမှုဆောင်များ၊ ဝန်ထမ်းများ၊ အခြေခံ သမဝါယမအသင်းအမှုဆောင်များ တက်ရောက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဝင်းနှင့် တာဝန်ရှိသူများက ရေဘေးသင့်ခဲ့သည့် မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးနှင့် မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်(၂)ဦး၊ ဝန်ထမ်း(၁)ဦး စုစုပေါင်း(၅)ဦးအား တစ်ဦးလျှင် ငွေ(၁)သိန်း၊ ဆန်(၁၂)ပြည်၊ ဆီ(၁)ပိဿာ၊ ကြက်သွန်(၁)ပိသာ၊ ဆား(၁)ပိသာ၊ ဆပ်ပြာငါးထောင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်