Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောက်မြို့နယ် မြေစွန်းရွာသစ်-ကြောင်လျှာတော ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု စစ်ဆေး


16 Sep,2024

ချောက် စက်တင်ဘာ ၁၄

            မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မြေစွန်းရွာသစ်-ကြောင်လျှာတော ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်အေးလဲ့လဲ့စိုးနှင့် တာဝန်ခံအင်ဂျင်နီယာများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ချောက်မြို့နယ် ချောက်- မကွေးကားလမ်းမကြီးမှ မြေစွန်းရွာသစ်- ကြောင်လျှာတောကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

           အဆိုပါ ချောက်မြို့နယ် ချောက်-မကွေးကားလမ်းမကြီးမှ မြေစွန်းရွာသစ်-ကြောင်လျှာတော ကျေးရွာချင်းဆက်လမ်း အရှည် နှစ်မိုင် ငါးဖာလုံ၊ အကျယ် ၁၈ ပေ အမြင့် ရှစ်လက်မ မြေနီခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၀၈ ဒသမ ၆၄၂ သန်းဖြင့် တင်ဒါအောင် မြင်သည့် Win & Mo ကုမ္ပဏီက ဇွန်လတတိယပတ်မှစ၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်အေးလဲ့လဲ့စိုးထံမှ သိရသည်။

သန်းလွင်(မကွေး)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm