Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇမ္ဗူသီရိ မြို့နယ်သမဝါယမအသင်းစု(လီမိတက်)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


19 Sep,2024

နေပြည်တော် စက်တင်ဘာ  ၁၉

          နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်သမဝါယမအသင်းစု(လီမိတက်)၏ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမ ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှုး ဒေါ်ယုယုအေး၊ နေပြည်တော်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးတင်ထွန်းနှင့် တိုင်းအဆင့်ဖွဲ့စည်းရေး ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဇမ္ဗူသီရိမြို့နယ်သမဝါယမအသင်းစု(လီမိတက်)ဥက္ကဋ္ဌက သဘာပတိအဖြစ် ဆောင်ရွက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊  နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယုယုအေးက အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို တစ်နှစ်တစ်ကြိမ်ပြုလုပ်ရန်၊ အမှုဆောင်အဖွဲ့ အစည်းအဝေးများအား တစ်လတစ်ကြိမ်ကျင်းပရန်၊ လိုအပ်ချက်များအပေါ် ညှိနှိုင်းချင့်ချိန်ရန်အတွက် အစည်းအဝေးဆုံးဖြတ်ချက် မှတ်တမ်းများထားရှိရန်နှင့် ဆောင်ရန်ရှောင်ရန် အချက်များကိုမှာကြားခဲ့ပြီး  အသင်း၏တစ်နှစ်တာလုပ်ငန်းဆောင်ရွက်မှုများနှင့် လုပ်ငန်းများမှ ရရှိသောအကျိုးအမြတ်များအပေါ် ရှင်းလင်းတင်ပြခြင်း၊  အသင်း၏စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေများအပေါ်စီမံခန့်ခွဲခြင်း၊ သမဝါယမ လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယုယုအေးက အရပ်ရပ်ဆိုင်ရာအစည်းအဝေးသည် အသင်းတစ်သင်း၏  အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်၍  လုပ်ငန်းဆိုင်ရာများ ချပြရှင်းလင်းခြင်း၊ အရှုံးအမြတ်စာရင်းများ ရှေ့ဆက်မည်သို့ဆောင်ရွက်ရမည်ကို ဝိုင်းဝန်းအကြံပြု၍ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် ဆောင်ရွက်ရန် လိုကြောင်း၊ အသင်းသားများသည် ကတိသစ္စာခံယူထား၍ ညွှန်ကြားချက်၊ ဥပဒေ၊ နည်းဥပဒေများကို လိုက်နာရန်လိုကြောင်း၊ လက်ရှိ နိုင်ငံတော်စားနပ်ရိက္ခာဖူလုံနိုင်ရန်အတွက် သီးနှံများကို တစ်သီးမှနှစ်သီး၊ နှစ်သီးမှသုံးသီး စိုက်ပျိုးရန်လိုပြီး သို့မှသာစားနပ်ရိက္ခာ ဖူလုံမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ငွေကျပ်(၂)သိန်းနှုန်းဖြင့် ညီမျှသောသွင်းအားစုများ ပံ့ပိုးပေးခဲ့၍ တောင်သူများ တိုက်ရိုက်အကျိုးရှိကြောင်း၊ နိုင်ငံတော် ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သောအသင်းများအနေဖြင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အခြေခံသမဝါယမအသင်းများတွင် အသင်းအမှုဆောင်အစည်းအဝေးပုံမှန်ပြုလုပ်ရန်၊ အသင်းစာရင်းကိုင်နှင့် ငွေကိုင်တစ်ဦးတည်းမထားရန်၊ အသင်းများအနေဖြင့် အသင်းလုပ်ငန်းများကို စုစုစည်းစည်းညီညီညွတ်ညွတ်စုပေါင်းစွမ်းအားဖြင့် ဖြေရှင်း၍ ရည်ရွယ်ချက်ပန်းတိုင်များအတိုင်း လျှောက်လှမ်းသွားရန် မှာကြားခဲ့သည်။

ဆက်လက်ပြီး အမှုဆောင်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအစီအရင်ခံစာ၊ အသင်း၏ရှေ့ လုပ်ငန်းစဉ်များ၊ အသင်းစာရင်းစစ်အစီရင်ခံစာများ၊ အသင်း၏ဘဏ္ဍာရေးအစီအရင်ခံစာများကို အမှုဆောင် အဖွဲ့ဝင် အသီးသီးမှဖတ်ကြားတင်ပြခဲ့ရာ တက်ရောက်လာသောအသင်းဝင်ကိုယ်စားလှယ်များက ကန့်ကွက် ရန်မရှိပါသဖြင့် သဘာပတိကအတည်ပြုခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm