Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေပိုက်လိုင်း ၁၈၄၅၈ ပေ သွယ်တန်းခြင်းနှင့် ဆက်စပ်လုပ်ငန်း ၆၀ ရာခိုင်နှုန်း ပြီးစီး


17 Sep,2024

ရေပိုက်လိုင်း ၁၈၄၅၈ ပေ သွယ်တန်းခြင်းနှင့် ဆက်စပ်လုပ်ငန်း ၆၀ ရာခိုင်နှုန်း ပြီးစီး

ငဖဲ စက်တင်ဘာ ၁၇


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် သာယာကုန်း ကျေးရွာအုပ်စု၊ စာတက်ကူ ကျေးရွာတွင် ရေပိုက်သွယ်တန်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ များကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းရာတွင် ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြိုးပြည့်စုံဟိန်း နှင့် တာဝန်ခံ အင်ဂျင်နီယာတို့က ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ စာတက်ကူ  ကျေးရွာ၌ ရေပိုက်သွယ်တန်းခြင်းနှင့် ရေသန့်စင်စနစ် ဆောင်ရွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအ‌ခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဒေါ်ဖြိုးပြည့်စုံဟိန်း က ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်မှာကြားခဲ့ပြီး  ကျေးရွာ၏တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            စာတက်ကူ ကျေးရွာ၌ အရှည် ၁၈၄၅၈ ပေ ကျေးရွာတွင်း ရေပိုက်လိုင်းသွယ်တန်းခြင်း နှင့် ရေသန့်စင်စနစ် ဆောင်ရွက်ခြင်း  လုပ်ငန်းများ ကို VDP စီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း ၁၅၀ နှင့် ပြည်သူထည့်ဝင်ငွေ ကျပ် ၃၀၅ ဒသမ ၅  သိန်း ၊ စုစုပေါင်းငွေကျပ် ၄၅၅ ဒသမ ၅ သိန်း  ဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာ ပံ့ပိုးမှု၊အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ/ကျေးရွာသားများ ကိုယ်တိုင်   ယခုနှစ် ဩဂုတ်လ  ၁၃ ရက်နေ့က စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း‌ ဆောင်ရွက်မှုမှာ ၆၀ ရာခိုင်နှုန်း  ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြိုးပြည့်စုံဟိန်း ထံမှသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm