Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နတ်မောက်မြို့နယ် ဒီးဒုတ်ကုန်းကျေးရွာ၌ ကွန်ကရစ်ရေကျော်တည်ဆောက်မှုစစ်ဆေး


16 Sep,2024

မကွေး စက်တင်ဘာ ၁၃

            မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဒီးဒုတ်ကုန်းကျေးရွာ၌ ကွန်ကရစ်ရေကျော်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဆလိုင်းနေအောင်ဆန်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အငယ်တန်းအင်ဂျင်နီယာ-၂(မြို့ပြ) ဦးခိုင်မင်းစိုး၊ နတ်မောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၃(မြို့ပြ) ဒေါ်ရွှေစင်ဝင်းသူနှင့် တာဝန်ရှိသူများက ဒီးဒုတ်ကုန်းကျေးရွာရှိ ကွန်ကရစ်ရေကျော်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဆလိုင်းနေအောင်ဆန်းက ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားသည်။

          အဆိုပါ ဒီးဒုတ်ကုန်းကျေးရွာကွန်ကရစ်ရေကျော် အရှည်ပေ  ၈၀၊ အကျယ် ၁၈ ပေ၊ အမြင့် ခြောက်ပေရှိ တည်ဆောက်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၅၂ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာများစုဖွဲ့၍ ဩဂုတ်လ တတိယပတ်ကစ၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါလုပ်ငန်းအားလုံး၏ ၅၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး ပြီဖြစ်ကြောင်း သိရသည်။

          အဆိုပါ ကွန်ကရစ်ရေကျော်တည်ဆောက်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးပါက ဒီးဒုတ်ကုန်းကျေးရွာရှိ အိမ်ခြေ ၁၅၅ အိမ်၊ လူဦးရေ ၈၈၂ ဦး တို့အတွက် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေမည်ဖြစ်ကြောင်း နတ်မောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၃ (မြို့ပြ) ဒေါ်ရွှေစင်ဝင်းသူထံမှ သိရသည်။

သူသူ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm