Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လှိုင်းဘွဲမြို့နယ် ဘုရားကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး


16 Sep,2024

လှိုင်းဘွဲမြို့နယ် ဘုရားကုန်းကျေးရွာ၌  မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး

**********************************************************************

လှိုင်းဘွဲ    စက်တင်ဘာ    ၁၆

          ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ပထမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းကို စက်တင်ဘာ ၁၆ရက် နံနက်ပိုင်းက အောက်ရေပူကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောကျော်နိုင်ထွန်းက  ဘုရားကုန်းကျေးရွာရှိ ကျေးလက်နေ ပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်၊ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ အခြားမိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်း များ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ချေးငွေများ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေ ထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်သည်၊၊

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ဘုရားကုန်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၄ဦးကို ငွေကျပ်သိန်း ၁၄၀၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ကိုးဦး ကို ငွေကျပ်သိန်း ၉၀၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ခုနှစ်ဦးကို ငွေကျပ် ၆၄သိန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၃၀ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ် ၂၉၄သိန်းကို အတိုးနှုန်းသက်သာစွာဖြင့် တစ်ဦးချင်းလက်ဝယ်အရောက် နေ့ချင်းပြီး ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်၊၊


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm