Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပွင့်ဖြူမြို့နယ် ရွာသစ်ကလေး မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး


16 Sep,2024

ပွင့်ဖြူမြို့နယ် ရွာသစ်ကလေး  မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး
ပွင့်ဖြူ စက်တင်ဘာ ၁၆

          မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကုလားဟောင်း ကျေးရွာအုပ်စု၊ ရွာသစ်ကလေး  ကျေးရွာတွင် မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်‌ နေမှုအခြေအနေများကို စက်တင်ဘာ ၁၅  ရက်နေ့ နံနက်ပိုင်း က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်‌မောင်ကျော်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်   နှင့် မြို့နယ် တာဝန်ခံ အင်ဂျင်နီယာများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ရွာသစ်ကလေး  ကျေးရွာ၌ ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော် က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ‌အရည်အ‌သွေးပြည့်မီစွာ ဆောင်ရွက်ကြရန်  မှာကြားပြီး  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်‌ ပေးခဲ့ကြောင်း သိရသည်။  

      ရွာသစ်ကလေး ကျေးရွာ၌ ကျေးရွာတွင်းလမ်း အရှည် ပေ ‌၄၅၀၀ ၊ အကျယ် ၁၂ ပေ၊ အမြင့် ကိုး လက်မ မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်းကို VDP စီမံကိန်း ပံ့ပိုးငွေကျပ် သိန်း ၁၅၀၊ပြည်သူထည့်ဝင်ငွေ ၁၂ ဒသမ ၉   သိန်း ၊စုစုပေါင်း ရန်ပုံငွေ ကျပ် ၁၆၂ ဒသမ ၉  သိန်း  အသုံးပြုကာ  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ က  နည်းပညာ ပံ့ပိုး၍ ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင်   ယခုနှစ် ဩဂုတ် လ ၁၃ ရက်  က စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှုမှာ ၉၀    ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်  ထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm