ဇီးကုန်း စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်းလီမိတက်နှင့် မဏ္ဍိုင်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တို့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီ အချိန်က အ.ထ.က(ဇီးကုန်း) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် သဘာပတိ ဦးရဲထွဋ်ဦးက အသင်းဆိုင်ရာကိစ္စရပ်များ ရှေးလုပ်ငန်းစဉ်များကို အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းမြတ်ရွှေစင်က အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ငွေစုငွေချေး သမဝါယမအသင်း ရေရှည်တည်တံ့ရေးဆိုင်ရာစည်းကမ်းချက်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အသင်းမှ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းတို့ကို ဖတ်ကြားတင်ပြခဲ့ရာ တက်ရောက် လာသူများ သိရှိလိုသည့်ဆွေးနွေးမေးမြန်းချက်များအား တာဝန်ရှိသူများက ပြန်လည်းရှင်းလင်း ခဲ့ကြာင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။