Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သစ်လုပ်ငန်းရှင်များနှင့် သစ်ပေါင်းခြင်းဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ


04 Apr,2022

နေပြည်တော် ဧပြီလ(၄)

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် အသေးစားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်းပညာလေ့ကျင့်သင်ကြားပေးခြင်း၊ အားပေးကူညီခြင်းနှင့် စနစ်တကျမှတ်ပုံတင်ခွင့်ပြုပေးခြင်းများ‌ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မြန်မာနိုင်ငံအတွင်း ပေါများစွာထွက်ရှိသည့် သစ်များအား အရည်အသွေးပြည့်မီသည့် တန်ဖိုးမြှင့်ပရိဘောများ ထုတ်လုပ်၍ နိုင်ငံခြားဈေးကွက်ရရှိစေရန်၊ သစ်လုပ်ငန်းများအား သစ်ပေါင်းဖိုတည်ဆောက်ရာတွင် နည်းပညာပေးနိုင်ရန်နှင့် ဝန်ဆောင်လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ပရိဘောဂလုပ်ငန်းများအား မြှင့်တင်ပေးနိုင်ရန်၊ သစ်နှင့်ပရိဘောဂလုပ်ငန်းရှင်များအား သစ်ပေါင်းဖိုတည်ဆောက်ရာတွင် နည်းပညာပေးနိုင်ရန်နှင့် ဝန်ဆောင်လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ပရိဘောဂလုပ်ငန်းများအား မြှင့်တင်ပေးနိုင်ရန်၊ သစ်နှင့်ပရိဘောဂလုပ်ငန်းရှင်များအား သစ်ပေါင်းသည့် နည်းပညာများ သင်တန်းပေးနိုင်ရန်နှင့် သစ်နှင့်ပရိဘောဂလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကပြီး တန်ဖိုးမြှင့်ပရိဘောဂများ ထုတ်လုပ်နိုင်မည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ သစ်လုပ်ငန်းရှင်များနှင့် သစ်ပေါင်းခြင်းဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လေ့ကျင့်ပျိုးထောင်ရေးစင်တာ (Incubation Center)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပျဉ်းမနား၊ လယ်ဝေနှင့် ပုပ္ဗသီရိမြို့နယ်များမှ လုပ်ငန်းရှင်ျ(၄၅)ဦးတို့ တက်ရောက်ခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ လက်မှုဖွံ့ဖြိုးရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးက သစ်ပေါင်းခြင်းအကြောင်းသိကောင်းစရာများအား ဆွေးနွေးပြောကြားကာ ဆွေးနွေးပွဲတက်ရောက်လာသည့် လုပ်ငန်းများနှင့် သစ်ပေါင်းခြင်းဆိုင်ရာကိစ္စရပ် ဆွေးနွေးပြောကြားခဲ့ကြကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm