Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲများ ကြည့်ရှုအားပေး


24 Aug,2024

နေပြည်တော် ဩဂုတ် ၂၄

မကြာမ်ကျင်းပတော့မည့် ဝန်ကြီးဌာနတက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် အမျိုးသား အားကစားပွဲတော် ဘောလုံးပြိုင်ပွဲများတွင် အဆင့်မီစွာပါဝင်ယှဉ်ပြိုင်နိုင်ရေး ရည်ရွယ်လျက် သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ဩဂုတ်လ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့ထိ နေပြည်တော် ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပလျက် ရှိရာ ဦးစီးဌာန(၄)ခုမှ အသင်း (၄) သင်း၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တို့မှ အသင်း (၂) သင်း၊ စုစုပေါင်း အသင်း (၆) သင်း ပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိပြီး အဆိုပါယှဉ်ပြိုင်ကစားနေမှုများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှုအားပေးသည်။

ပြိုင်ပွဲဒုတိယနေ့ဖြစ်သော ယနေ့နံနက်ပိုင်းတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အသင်းနှင့် သမဝါယမဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြပုံများကိုလည်းကောင်း၊ ညနေပိုင်းတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)အသင်းနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)အသင်းတို့ ယှဉ်ပြိုင်ကစားကြပုံများကိုလည်းကောင်း ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန် ရှိသူများနှင့်အတူ သွားရောက်၍ နှစ်ဖက်ပြိုင်ပွဲဝင် အားကစားသမားလူငယ်များအား  ကွင်းအတွင်း ဝင်ရောက်နှုတ်ဆက်၍ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်