ညောင်တုန်း ၊ ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်သမဝါယမအသင်းစု၏ ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ညောင်တုန်းမြို့နယ်သမဝါယမအသင်းစု၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနနှင့် တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်အဖွဲ့နှင့်ဝန်ထမ်းများ၊ အသင်းဝင်အခြေခံသမဝါယမ အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားပထမပိုင်းတွင် သဘာပတိအဖြစ် ညောင်တုန်းမြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးသန်းထွန်းအေးက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒါရိုက်တာအဖွဲ့လုပ်ငန်းအစီရင်ခံစာ၊ အသင်းသားစာရင်းစစ်အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားရှင်းလင်းခဲ့ပြီး တက်ရောက်လာကြသူများထံမှ အတည်ပြုချက်ရယူခဲ့သည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညွန့်ဆွေက သဘာပတိအဖြစ် ဆောင်ရွက်၍ အမှုဆောင်သစ်များကို ဆန္ဒမဲပေးရွေးချယ်ကာ တာဝန်ခွဲဝေပေးအပ်ပြီး အမှုဆောင်သစ်များက ကတိသစ္စာခံယူခဲ့ကြကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်