Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး တောင်ကြီး၊ ညောင်ရွှေ၊ ပင်းတယမြို့နယ်များမှ နေကြာစိုက်တောင်သူများနှင့်တွေ့ဆုံ


04 Aug,2024

နေပြည်တော် ဩဂုတ် ၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဩဂုတ်လ ၃ ရက်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးသို့ သွားရောက်ပြီး ကယားပြည်နယ်၊ ရှမ်းပြည်နယ်‌(မြောက်ပိုင်း)တို့မှ ယာယီတွဲဖက်ထားသော ဝန်ကြီးဌာနအောက် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ မိသားစုများ နေထိုင်ရေး၊ သားသမီးများ၏ ပညာရေး၊ တာဝန်ထမ်းဆောင်မှု အခြေအနေများနှင့် တစ်ဦးချင်းအခက်အခဲများကို မေးမြန်းကာ လိုအပ်သည်များ မှာကြားသည်။ ဆက်လက်၍ ဦးစီးဌာနအလိုက် ဒုတိယညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များ ဖြည့်စွက် မှာကြားသည်။

ထို့နောက် ဒေသအလိုက် ဦးစီးဌာနများမှ တာဝန်ရှိသူများက လိုအပ်ချက်များကို တင်ပြရာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက  ထောက်ပံ့ ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့်အတူ တောင်ကြီးမြို့ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်း ကျောင်းသို့ သွားရောက်ကာ နည်းပြဆရာဆရာမများ၊ ၂၀၂၄-၂၅ ပညာသင်နှစ်တွင် တက်ရောက်နေသော ပထမနှစ်၊ ဒုတိယနှစ်သင်တန်းသား သင်တန်းသူများ၊ ၂၀၂၃-၂၄ ပညာသင်နှစ်တွင် သင်တန်းပြီးဆုံး၍ ဒေသတွင်း ကုမ္ပဏီများ၊ စီးပွားရေးအသင်းအဖွဲ့များ သမဝါယမအသင်းများ၌ လုပ်ငန်းခွင်ဝင်ရောက်နေကြ ပြီဖြစ်သော ကျောင်းသားကျောင်းသူဟောင်းများနှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ၊ သမဝါယမကောလိပ်များသို့ ပေါင်းကူးတက်ရောက်ခွင့် ရရှိအောင် ကြိုးစားသင်ယူကြရေး မှာကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမှာစကား ပြောကြားသည်။ ယင်းနောက် ကျောင်းအုပ်ဆရာမကြီးက သင်တန်းကျောင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လုပ်ငန်းခွင်ဝင်ရောက်နေသော ကျောင်းသားကျောင်းသူဟောင်း များကိုနှုတ်ဆက်၍ အခက်အခဲများမေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့နယ်၊ ဟဲကယ်ကျေးရွာသို့ သွားရောက်ပြီး တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တို့မှ ဆီထွက်သီးနှံ နေကြာစိုက် သမဝါယမအသင်းသား တောင်သူများနှင့် တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သမဝါယမအသင်းများ၏ ပံ့ပိုးမှုဖြင့် ဆီထွက်သီးနှံ မြေပဲ (၁၄၂) ဧက စိုက်ပျိုးပြီးစီးမှုအခြေအနေ၊ လာမည့်ဆောင်းရာသီ သီးနှံ နေကြာဧက (၅၀၀၀) စိုက်ပျိုးမည့်အခြေအနေကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်နှင့် မြို့နယ်သမဝါယမအသင်းများအနေဖြင့် နေကြာစိုက်တောင်သူများအတွက် လိုအပ်သည့်မျိုး၊ သွင်းအားစုဓာတ်မြေဩဇာများ အချိန်မီဆောင်ရွက်ပေးရေး မှာကြားသည်။ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမှာစကားပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတို့က သမဝါယမအသင်းသားတောင်သူများအတွက် သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ်၊ တင်ကြီးကြပ်ကျေးရွာသို့ သွားရောက် ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တင်ကြီးကြပ်ကျေးရွာတွင် အနက်ပေ (၃၄၀) စက်ရေတွင်း တူးဖော်ပေးပြီး ဆိုလာရေတင်စနစ်ဖြင့် (၂) ဆင့် မြှင့်တင်ပေးပြီး တင်ကြီးကြပ်ကျေးရွာ အပါအဝင် ကျေးရွာ (၆) ရွာ သောက်သုံးရေ ဖြန့်ဝေပေးနေသည့်လုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေး ရာ ရှမ်းပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းက လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကျေးရွာသူကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် လိုအပ်သည် များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးအာကာ လင်းနှင့်အတူ ပင်းတယမြို့နယ်၊ ပွေးလှကျေးရွာသို့ သွားရောက်ပြီး လာမည့်ဆောင်းရာသီတွင် ဆီထွက် သီးနှံ နေကြာစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံသည်။

ယင်းတွေ့ဆုံပွဲ၌ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဋ္ဌတို့က လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးက အသင်းသားတောင်သူများအတွက် သွင်းအားစုဓာတ်မြေ ဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျေးရွာသူကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm