Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ညောင်ရွှေမြို့နယ် အင်ပေါခုံ ခေတ်မီစံပြကျေးရွာ (Smart Village) ကြည့်ရှုစစ်ဆေး


02 Aug,2024

နေပြည်တော် ဩဂုတ် ၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး ဥက္ကဋ္ဌ ခွန်ရဲထွေးနှင့်အတူ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ တီကျစ် ကျေးရွာအုပ်စု နောင်မွန်းကျေးရွာသို့ သွားရောက်ပြီး အသင်းသား (၁၅) ဦးဖြင့် နွားအကောင် (၃၀) မွေးမြူ နေသော ရွှေတက်တိုး မွေးမြူရေးသမဝါယမအသင်းလီမိတက်မှ အသင်းသူအသင်းသားများနှင့်တွေ့ဆုံ ကာ ဒေသနွားမျိုးများ တိုးချဲ့မွေးမြူရန်နှင့် ယခင်ဘဏ္ဍာနှစ်တွင် သောက်သုံးရေ ရရှိရေးအတွက် ဆောင်ရွက်ပေးခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် အိမ်သွယ်ရေတိုင်စနစ် သောက်သုံးရေရရှိရေး၊ ကုန်ထုတ်လမ်း ၁ မိုင် ၂ ဖာလုံ ဖောက်လုပ်ပေးခြင်း၊ မြစိမ်းရောင်စီမံကိန်း မတည်ပေးခြင်းနှင့် ကျေးရွာအဝင်လမ်း (၄) ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးမည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌတို့က အမှာစကားပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ဒေသခံတောင်သူများ၏ ဖွံ့ဖြိုးရေးလိုအပ်ချက် များတင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နောင်တရားမြို့သို့ သွားရောက်ပြီး နောင်တရား အာလူး စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ တန် (၂၀၀၀) အာလူးအအေးခန်းသိုလှောင်ရုံ အားလည်းကောင်း၊ လိုအပ်သောဒေသများတွင် တပ်ဆင်အသုံးပြုနိုင်ရေးအတွက် စမ်းသပ်ဆောင်ရွက် ထားသော (၄၈) တန်ဆံ့ ရွေ့လျားအအေးခန်းသိုလှောင်ရုံ (Mobile Cool Room) အားလည်းကောင်း၊ ယခုကဲ့သို့ အအေးခန်းစက်ရုံကြီး ပေါ်ပေါက်လာစေရေးအတွက် အစပျိုးလုပ်ငန်းအဖြစ် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ကူညီပံ့ပိုးပေးခဲ့သော တန် (၃၀) ဆံ့ အအေးခန်းသိုလှောင်ရုံအားလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး အဆိုပါသမဝါယမအသင်း၏ သဘာဝမြေဩဇာစက်ရုံအား ကြည့်ရှုစစ်ဆေးရာ အသင်းဥက္ကဋ္ဌ ဦးခွန်ဆန်းဦးက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပြီး နောင်တရား အာလူးစိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးသမဝါယမအသင်း၏ တစ်သျှူးကာချာနည်းဖြင့် အာလူးမျိုးများ စမ်းသပ်ထုတ်လုပ်နေသော မျိုးပွားခြံသို့ သွားရောက်၍ ၄၅ ရက်သား ရုရှား G1 မျိုး စိုက်ပျိုးထားမှုအား ကြည့်ရှုလေ့လာခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပင်လောင်းမြို့နယ်၊ နောင်တရားကျေးရွာ၊ နန်းတိုင်း  ကျေးရွာ၊ လွင်ကျေးရွာတို့မှ ငရုတ်သီးစိုက် တောင်သူအစုအဖွဲ့များနှင့်တွေ့ဆုံပြီး လက်ရှိစိုက်ပျိုးထားသော ငရုတ်ဧက ၄၀၀၀ မှ ထွက်ရှိသော ငရုတ်သီးများ၏ ဈေးကွက်ရရှိမှုအခြေအနေ၊ တန်ဖိုးမြင့်ထုတ်ကုန် ပြုလုပ်နိုင်မှုအခြေအနေတို့ကို ညှိနှိုင်းဆွေးနွေးပြီး သမဝါယမအသင်းစုချုပ်များနှင့် ပူးပေါင်း၍ ကုန်ထုတ် သမဝါယမအသင်းများ ဖွဲ့စည်းရေး၊ ပြည်တွင်းစားသုံးမှု ဖူလုံရန်နှင့် ပြည်ပပို့ကုန်အထိပါ မျှော်မှန်း ဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးနေဝင်းအောင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ခွန်ရဲထွေတို့ကလည်း ဖြည့်စွက် ဆွေးနွေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ကလောမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် တောင်မြေခြားနှင့် မြောက်မြေခြား ကျေးရွာချင်းဆက် လမ်းအရှည် (၁) မိုင် ကတ္တရာခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြ မှုများအပေါ် သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး၊ ကျန်ရှိနေသည့် လမ်းမိုင် ၆ ဖာလုံအား လာမည့်ဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်ပေးရေး မှာကြားကာ ကျေးရွာသူ ကျေးရွာသားများ၏ ဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm