နေပြည်တော် ဇူလိုင် ၂၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေး နိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်သည့် လျှပ်စစ်သံဂဟေဆက် နည်းပညာသင်တန်းကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကြာအင်းကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် MSME အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ရပ်မိရပ်ဖများနှင့် သင်တန်း သားများ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပုံမှန်ဖွင့်လှစ်လျက်ရှိသည့် ကာလတိုသင်တန်းများအပြင် အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းသင်တန်းများကိုပါ တိုးမြှင့်ဖွင့်လှစ်ပေးလျက် ရှိကြောင်း၊ ယခုသင်တန်းကို ဒေသခံပြည်သူများအနေဖြင့် အိုးမကွာ၊ အိမ်မကွာနှင့် မိသားစုဝင်ငွေတိုးပွားရေး ဆောင်ရွက်နိုင်ပြီး ပညာရေးဆုံးခန်းတိုင်အောင် သင်ကြား နိုင်မှုမရှိသည့် လူငယ်လူရွယ်များကို အသက်မွေးဝမ်းကျောင်းပညာရပ်များ တတ်မြောက်စေပြီး ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကျေးရွာပေါင်း (၂၂၁) ရွာကို ရွေးချယ်ပြီး ဝင်ငွေတိုးစီမံကိန်း သင်တန်းများကို ဖွင့်လှစ်ရာတွင် ဒေသခံပြည်သူများ၏ လိုအပ်ချက်နှင့်ကိုက်ညီသော သင်တန်းများ ကိုသာ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် စာတွေ့၊ လက်တွေ့ သင်ကြားခြင်းကို စိတ်ပါဝင်စားပြီး ထူးချွန်သူ၊ အမှန်တကယ် လုပ်ငန်းထူထောင်လိုသူ (၅) ဦးကို စနစ်တကျ ရွေးချယ် ကာ သင်တန်းဆင်းသည့်အခါ လုပ်ငန်းသုံးစက်ပစ္စည်းများနှင့် လက်သုံးကိရိယာများ သုံးစွဲခွင့် ပေးသွားမည် ဖြစ်ကြောင်း၊ အမှန်တကယ်လိုအပ်သည့် သင်တန်းအမျိုးအစားအဖြစ် ရွေးချယ်ဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးရန် လိုအပ်ကြောင်း၊ လိုအပ်သည့်အရင်းအနှီး မတည်ပေးပြီး လုပ်ငန်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်း ဆောင် ရွက်စဉ် လိုအပ်ချက်များကိုလည်း ဌာနမှ ချိတ်ဆက်ပေါင်းစပ်ကူညီပေးရန်နှင့် စောင့်ကြည့်အကဲ ဖြတ်ရန် လိုအပ်ကြောင်း၊ မတည်ထောက်ပံ့ပေးထားသည့် လုပ်ငန်းသုံးပစ္စည်းများကို အသုံးချခြင်း ရှိ/ မရှိ၊ အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ စောင့်ကြည့်ရမှာဖြစ်ကြောင်း၊ လုပ်ငန်းအောင် မြင်ပြီး အမှန်တကယ် မိသားစုဝင်ငွေတိုးရန် ဌာနအနေဖြင့် ကူညီပေးသွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ရပ်မိရပ်ဖများ၏ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယခုဖွင့်လှစ်သောသင်တန်းတွင် သင်တန်းသား(၁၂)ဦးအား လျှပ်စစ်သံဂဟေဆက်နည်းပညာ သင်တန်းကို ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ ဇူလိုင်လ ၂၉ ရက်နေ့မှ ဩဂုတ်လ ၂၇ ရက် နေ့အထိ (၁) လကြာ စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ် လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသား (၅) ဦးကို သတ်မှတ်ချက်များနှင့်ရွေးချယ်ပြီး လုပ်ငန်းသုံး ပစ္စည်းများ သုံးစွဲခွင့်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရန်အောင်မြင်ကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာ သို့ သွားရောက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ပေးခဲ့သော အခြေခံစက်ချုပ်သင်တန်း အောင်မြင်ပြီး တစ်ပိုင်တစ်နိုင် စက်ချုပ်လုပ်ငန်း လုပ်ကိုင်နေသည့် Family စက်ချုပ်ဆိုင်အား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။နေပြည်တော် ဇူလိုင် ၂၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေး နိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်သည့် လျှပ်စစ်သံဂဟေဆက် နည်းပညာသင်တန်းကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကြာအင်းကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် MSME အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ရပ်မိရပ်ဖများနှင့် သင်တန်း သားများ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပုံမှန်ဖွင့်လှစ်လျက်ရှိသည့် ကာလတိုသင်တန်းများအပြင် အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းသင်တန်းများကိုပါ တိုးမြှင့်ဖွင့်လှစ်ပေးလျက် ရှိကြောင်း၊ ယခုသင်တန်းကို ဒေသခံပြည်သူများအနေဖြင့် အိုးမကွာ၊ အိမ်မကွာနှင့် မိသားစုဝင်ငွေတိုးပွားရေး ဆောင်ရွက်နိုင်ပြီး ပညာရေးဆုံးခန်းတိုင်အောင် သင်ကြား နိုင်မှုမရှိသည့် လူငယ်လူရွယ်များကို အသက်မွေးဝမ်းကျောင်းပညာရပ်များ တတ်မြောက်စေပြီး ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကျေးရွာပေါင်း (၂၂၁) ရွာကို ရွေးချယ်ပြီး ဝင်ငွေတိုးစီမံကိန်း သင်တန်းများကို ဖွင့်လှစ်ရာတွင် ဒေသခံပြည်သူများ၏ လိုအပ်ချက်နှင့်ကိုက်ညီသော သင်တန်းများ ကိုသာ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် စာတွေ့၊ လက်တွေ့ သင်ကြားခြင်းကို စိတ်ပါဝင်စားပြီး ထူးချွန်သူ၊ အမှန်တကယ် လုပ်ငန်းထူထောင်လိုသူ (၅) ဦးကို စနစ်တကျ ရွေးချယ် ကာ သင်တန်းဆင်းသည့်အခါ လုပ်ငန်းသုံးစက်ပစ္စည်းများနှင့် လက်သုံးကိရိယာများ သုံးစွဲခွင့် ပေးသွားမည် ဖြစ်ကြောင်း၊ အမှန်တကယ်လိုအပ်သည့် သင်တန်းအမျိုးအစားအဖြစ် ရွေးချယ်ဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးရန် လိုအပ်ကြောင်း၊ လိုအပ်သည့်အရင်းအနှီး မတည်ပေးပြီး လုပ်ငန်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်း ဆောင် ရွက်စဉ် လိုအပ်ချက်များကိုလည်း ဌာနမှ ချိတ်ဆက်ပေါင်းစပ်ကူညီပေးရန်နှင့် စောင့်ကြည့်အကဲ ဖြတ်ရန် လိုအပ်ကြောင်း၊ မတည်ထောက်ပံ့ပေးထားသည့် လုပ်ငန်းသုံးပစ္စည်းများကို အသုံးချခြင်း ရှိ/ မရှိ၊ အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ စောင့်ကြည့်ရမှာဖြစ်ကြောင်း၊ လုပ်ငန်းအောင် မြင်ပြီး အမှန်တကယ် မိသားစုဝင်ငွေတိုးရန် ဌာနအနေဖြင့် ကူညီပေးသွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ရပ်မိရပ်ဖများ၏ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယခုဖွင့်လှစ်သောသင်တန်းတွင် သင်တန်းသား(၁၂)ဦးအား လျှပ်စစ်သံဂဟေဆက်နည်းပညာ သင်တန်းကို ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ ဇူလိုင်လ ၂၉ ရက်နေ့မှ ဩဂုတ်လ ၂၇ ရက် နေ့အထိ (၁) လကြာ စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ် လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသား (၅) ဦးကို သတ်မှတ်ချက်များနှင့်ရွေးချယ်ပြီး လုပ်ငန်းသုံး ပစ္စည်းများ သုံးစွဲခွင့်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရန်အောင်မြင်ကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာ သို့ သွားရောက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ပေးခဲ့သော အခြေခံစက်ချုပ်သင်တန်း အောင်မြင်ပြီး တစ်ပိုင်တစ်နိုင် စက်ချုပ်လုပ်ငန်း လုပ်ကိုင်နေသည့် Family စက်ချုပ်ဆိုင်အား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။