Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရွှေကမ္ဘာ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အမှုဆောင်အသစ်ရွေးချယ်ပွဲ ကျင်းပ


17 Jul,2024

နေပြည်တော် ဇူလိုင် ၁၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရွှေကမ္ဘာ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အမှုဆောင်အသစ်ရွေးချယ်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ရွှေကမ္ဘာ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် သဘာပတိက အဖွင့် အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ငွေစုငွေချေး အသင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှမတ်လထိ ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကို အသင်းအတွင်းရေးမှူးကလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှမတ်လထိ အသင်း စာရင်းစစ် အစီရင်ခံစာကို အသင်းစာရင်းစစ်တစ်ဦးကလည်းကောင်း  ဖတ်ကြားရှင်းလင်း အတည် ပြုချက် ရယူခဲ့ပြီး အသင်းသားအသင်းသူများက ဝိုင်းဝန်းအကြံပြု ဖြည့်စွက်ဆွေးနွေးကြသည်။

ယင်းနောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အမှုဆောင်အသစ်ရွေးချယ်ပွဲကို ဖွဲ့စည်းရေး ကော်မတီမှ သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ကျင်းပခဲ့ရာ  ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌက အတည်ပြုပေးခဲ့သည်။ ထို့နောက် ရွေးချယ်ခံရသော အမှုဆောင်အဖွဲ့ဝင်အသစ်များသည် ကတိသစ္စာခံယူကြကာ အဖွဲ့ဝင်အသစ်များကိုယ်စား ဥက္ကဋ္ဌ အသစ်က မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး ဒါရိုက်တာအဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm