Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြသော မြိတ်မြို့နယ်ပညာရေး ငွေစုငွေချေး သမဝါယမအသင်းဝင် ဆရာ၊ ဆရာမများ၏ သား၊ သမီးများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်


16 Jul,2024

မြိတ် ဇူလိုင် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် (၂၀၂၄)ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင် ခဲ့ကြသော မြိတ်မြို့နယ်ပညာရေးငွေစုငွေချေးသမဝါယမအသင်းဝင် ဆရာ/ဆရာမများ၏ သား၊ သမီး (၂၅)ဦးကို ဇူလိုင် ၁၃ ရက်က မြို့နယ်ပညာရေးငွေစုငွေချေးသမဝါယမအသင်း တွင်  ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 

အဆိုပါ အခမ်းအနားတွင် မြိတ်မြို့နယ် ပညာရေးငွေစုငွေချေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများက ဂုဏ်ပြုအမှာစကားပြောကြားပြီး အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့ကြသော အသင်းဝင် ဆရာ/ဆရာမများ၏ သား၊ သမီး (၂၅)ဦးကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဂုဏ်ပြုချီးမြှင့်ရာ၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရိုးရိုးအောင်တစ်ဦးကို ကျပ်(တစ်သိန်း)စီ ဂုဏ်ပြုချီးမြှင့်ပြီး ဂုဏ်ထူးတစ်ဘာသာရရှိသူကို (၅၀၀၀၀)ကျပ်စီပေါင်း၍ ဂုဏ်ပြုချီးမြှင့်ပေးခြင်း ဖြစ်သည်။ ဂုဏ်ပြုခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသူများတွင် ငါးဘာသာ ဂုဏ်ထူးတစ်ဦး၊ နှစ်ဘာသာဂုဏ်ထူး တစ်ဦး၊ တစ်ဘာသာဂုဏ်ထူး (၇)ဦးနှင့် ရိုးရိုးအောင် (၁၆)ဦး ဖြစ်ကြကာ စုစုပေါင်းငွေကျပ် (၃၂)သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)

တနင်္သာရီတိုင်းဒေသကြီး

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm