Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များတွင် မိသားစုဝင်ငွေတိုးရေးစီမံကိန်း စတင်ဆောင်ရွက်


16 Jul,2024

ဇူလိုင်၊ ၁၆

            သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းကို ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ စီမံကိန်း ကျေးရွာများ၌ စတင်တင်ဆောင်ရွက်သည်။

        အဆိုပါ စီမံကိန်းတွင်ပါရှိသည့် စီမံကိန်းလုပ်ငန်း (၇)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသထွက်ကုန်ကြမ်းအပေါ် မူတည်၍ အသက်မွေးဝမ်းကျောင်း သင်တန်းများ ပို့ချ ပေးခြင်း၊ ကျေးရွာများမှတောင်းဆိုသည့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ပို့ချပေးခြင်း၊ ကိုယ်ပိုင် လုပ်ငန်းထူထောင်လိုသူ (၅)ဦးကို ရွေးချယ်၍ လုပ်ငန်းထူထောင်နိုင်သည်အထိ လိုအပ်သော နည်းပညာနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးခြင်း၊ လုပ်ငန်းမှတ်ပုံတင်ပေးခြင်းနှင့် ဈေးကွက်ရရှိရေးအတွက် ချိတ်ဆက်ပေးခြင်း စသည့်အချက်များဖြင့် ဆောင်ရွက်ရှိကြောင်း သိရသည်။

          ၎င်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ စီမံကိန်းကျေးရွာတစ်ရွာလျင် ငွေကျပ် သိန်း(၁၀၀) နှုန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ယခု ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းကျေးရွာတစ်ရွာလျင် ငွေကျပ် သိန်း(၁၂၀) နှုန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်း ထူထောင်မည့်သူ (၅)ဦးကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံး ပစ္စည်းများသုံးစွဲခွင့်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm