မြစ်ကြီးနား ဇူလိုင် ၁၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာရှိ မော်ဖောင်း(၁)စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ် ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို မော်ဖောင်း ကျေးရွာ ပြည်သူ့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နိုင်နိုင်မော်က သမဝါယမလုပ်ငန်းများဆိုင်ရာများနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ အသင်းအမှုဆောင် အဖွဲ့၏အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများ၊ ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးအတည်ပြုပြီး နောက် စုဆောင်းငွေပေါ်အတိုးငွေကျပ် (၁၀၅၈၃၄၀၀) အား ထုတ်ပေးခဲ့ပြီး တက်ရောက်လာသည့် အသင်းသား/သူများအား ဆင်းဧကရီ(၃) ဆန်များ ပေးအပ်ခဲ့သည်။ ဆက်လက်၍ အသင်းဖွဲ့စည်းရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိက အမှုဆောင်အဖွဲ့ဝင် ငါးဦးနှင့် အသင်းသားစာရင်းစစ်(၂)ဦးတို့ကို သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေနှင့်အညီ ရွေးချယ်ပေးခဲ့ ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်