Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇေယျာသီရိမြို့နယ်၊ ကျောက်ဖျာကျေးရွာ၌ မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်


16 Jul,2024

ဇူလိုင်၊ ၁၅

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် ဝါးအခြေခံလက်မှု ထည်သင်တန်းသင်တန်းကို ယနေ့ မွန်းလွဲပိုင်းက ဇေယျာသီရိမြို့နယ်၊ ကျောက်ဖျာကျေးရွာ၌ ကျင်း ပသည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ နေပြည်တော် MSME ဥက္ကဋ္ဌ၊ BB ဝါး ကုန်ထုတ်သမဝါယမအသင်း ဥက္ကဋ္ဌ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ ရပ်မိရပ်ဖများ နှင့် သင်တန်းသားများ တက်ရောက်ကြသည်။

          ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က အဖွင့်အမှာစကားပြောကြားရာတွင် ၎င်း စီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ ကျေးရွာ(၁၅၁)တွင် ဆောင်ရွက်ခဲ့ပြီး ယခု ဘဏ္ဍာရေးနှစ် ကျေးရွာ (၂၂၁)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဝါးနှင့် စပ်လျဉ်း၍ MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိ စေပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် တန်ဖိုးမြှင့်ဝါးလက်မှုထုတ်ကုန်အမျိုးမျိုး ထုတ် လုပ်နိုင်စေရန်ရည်ရွယ်ပြီး ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ ကျောက်ဖျာကျေးရွာ သည် သွားလာရခက်ခဲသည့် တောင်ပေါ်ဒေသဖြစ်သော်လည်း ကျေးရွာဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိမိတို့ ဌာနအနေဖြင့် သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် သင်တန်းအနေဖြင့် သင်ကြားပေးသော ပညာရပ်များကို ကြိုးစားသင်ယူကြပြီး သင်တန်းဆင်းပြီးပါက ကိုယ်ပိုင် လုပ်ငန်း များ ထူထောင်ကြစေလိုကြောင်း ပြောကြားသည်။

          ယခု ဖွင့်လှစ်သော သင်တန်းတွင် သင်တန်းသား (၁၀)ဦးအား ဝါးအခြေခံလက်မှုထည် သင်တန်းကို ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ ဇူလိုင်လ ၁၅ ရက်နေ့မှ ဩဂုတ်လ ၈ ရက်နေ့ အထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်များနှင့်ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများ သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm