Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)မွမ်းမံသင်တန်းဖွင့်ပွဲကျင်းပ


15 Jul,2024

နေပြည်တော် ဇူလိုင် ၁၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)ကိုမြေပြင်တွင် လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်နေကြသည့် တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား စီမံကိန်းသဘောသဘာဝနှင့် သဘောတရားများကို ထိထိမိမိ နားလည်သဘောပေါက်စေရန်ရည်ရွယ်၍ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်း (RBF)မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း ၉:၃၀နာရီအချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အဖွင့်အမှာ စကားပြောကြားသည်။

ဆက်လက်ပြီး တက်ရောက်လာကြသည့် သင်တန်းသားတစ်ဦးချင်းစီမှ မိတ်ဆက်စကား ပြောကြားသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား၊ သင်တန်းသူ (၅၀)ဦး တက်ရောက်ကြပြီး၊ သင်တန်းကာလမှာ(၁၅-၇-၂၀၂၄)ရက်နေ့မှ(၁၈-၇-၂၀၂၄)ရက်နေ့ထိ( ၄ )ရက်ကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချ‌ပေးမည်ဖြစ်ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm