နမ့်စန်(တ) ဇူလိုင် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကမ္ဘာသစ်ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင် ရာအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကမ္ဘာသစ်ရောင်းဝယ်ရေးအသင်းလီမိတက်ဥက္ကဋ္ဌ ဦးကျော်ရင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမွန်က အရပ်ရပ်ဆိုင် ရာအစည်းအဝေးဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်ရွှေက သမဝါယမအသင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ကာ အသင်းသားများ၏ အတည်ပြုချက်ရယူခဲ့ကြသည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် လူရည်ချွန်(Grade-10) ရွေးချယ်ခံခဲ့ရသော အသင်းသား ဦးခင်မောင်လတ်၏ သမီး မဖြူစင်ကြယ်ကို မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်အေးအေးမွန်က ပညာရည်ချွန်ဆုအဖြစ် ဆုငွေသုံးသောင်းကျပ်နှင့် ဂုဏ်ပြုမှတ်တမ်း ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ကမ္ဘာသစ်ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်မှ တာဝန်ရှိသူများက အသင်း သား ၂၅၁ ဦး၏ စုဆောင်းငွေပေါ်အမြတ်ငွေကျပ် ၄၀၁၄၉၈ နှင့် အသင်းသားသက်သာငွေကျပ် ၁၂၅၅၀၀၀ ကို စနစ်တကျ ခွဲဝေထုတ်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်