Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုဗ္ဗသီရိမြို့နယ်၌ ကျေးရွာကုန်ထုတ်လမ်းနှင့် တံတား(၂)စင်းတည်ဆောက်နိုင်ရေး ကွင်းဆင်းတိုင်းတာ


11 Jul,2024

ပုဗ္ဗသီရိမြို့နယ်၌ ကျေးရွာကုန်ထုတ်လမ်းနှင့် တံတား(၂)စင်းတည်ဆောက်နိုင်ရေး ကွင်းဆင်းတိုင်းတာ

****************************************************************************
နေပြည်တော် ဇူလိုင် ၁၁


ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သစ်ယာကုန်း+သရက်သမိန်ကျေးရွာ၌ကျေးရွာကုန်ထုတ်လမ်းနှင့် တံတား(၂)စင်း တည်ဆောက်နိုင်ရေးမြေပြင်ကွင်းဆင်းတိုင်းတာခြင်းကို ဇူလိုင်၁၀ရက် နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဇေယျာသီရိခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦး၊ ပုဗ္ဗသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုနှင့် ဝန်ထမ်းများကသစ်ယာကုန်း+သရက်သမိန်ကျေးရွာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်ကျေးရွာကုန်ထုတ်လမ်းနှင့် တံတား(၂)စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်နေရာကို ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီဝင်များ၊ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကိုလိုက်လံရှင်းလင်းပြသရာ ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးက လုပ်ငန်းလိုအပ်ချက်များကို
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။သစ်ယာကုန်း+သရက်သမိန်ကျေးရွာ၌ အရှည် ၇ ဒသမ ၅၈ဖာလုံ၊ အကျယ် ၁၂ပေ၊အမြင့် နှစ်ပေ ကိုးလက်မရှိ ကျေးရွာကုန်ထုတ်လမ်းမြေသား+ရိစာခင်းခြင်းနှင့် Slab Culvert(၂)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ယခုဘဏ္ဍာနှစ်တွင်ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၉၄ ဒသမ ၃၂သန်းဖြင့် မင်းသစ္စာလှိုင်ကုမ္ပဏီကအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇေယျာသီရိခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးက ပြောပြ၍သိရသည်။

နော်လူး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm