Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


10 Jul,2024

နေပြည်တော် ဇူလိုင် ၁၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ဦးစီးဌာနများနှင့် တက္ကသိုလ်များမှe-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

          ရှေးဦးစွာ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်က ဝန်ကြီးဌာန e-Government လုပ်ငန်းများ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကို ၁၁-၁၀-၂၀၂၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအား ၁၉-၈-၂၀၂၂ ရက်နေ့မှာ ထည့်သွင်းဖွဲ့စည်းခဲ့သဖြင့် ၁၃-၅-၂၀၂၄ ရက်နေ့တွင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ ဝန်ကြီးဌာန၏ သတင်းအချက်အလက်များ၊ e-Government လုပ်ငန်းစဉ်များနှင့် Online စနစ်ဖြင့် e-Service လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ဦးစီးဌာနများ/ တက္ကသိုလ်များအလိုက် ဆောင်ရွက်သွားသင့်သော Action Plan များကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ရေးဆွဲပြုစုထားသည့် Master Plan 2030 ကို Guide Line အဖြစ်ထားရှိပြီး ညွှန်ကြားချက်များနှင့်အညီ ဆက်လက်အကောင်အထည်ဖော် သွားကြရမည်ဖြစ်ကြောင်း၊ ဦးစီးဌာန/ တက္ကသိုလ်များအလိုက် e-Government လုပ်ငန်းစဉ်များကို ဦးစားပေးအစီအစဉ် သတ်မှတ်ရေးဆွဲပြီး လိုအပ်သောဘဏ္ဍာငွေနှင့် လျာထားချက်များကို တင်ပြ တောင်းခံ၍ ထိရောက်မှုရှိစေရေး စနစ်တကျ စိစစ်သုံးစွဲသွားရမည် ဖြစ်ကြောင်း၊

        ယခုအစည်းအဝေးတွင် ဦးစီးဌာန/တက္ကသိုလ်များအလိုက် ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများနှင့် လိုအပ်သည့် အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း၊ ဝန်ကြီးဌာန၏ e-Government လုပ်ငန်းများ အောင်မြင်ရန်အတွက် သတင်းအချက်အလက်များနှင့် Online စနစ်ဖြင့် e-Services လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဝန်ဆောင်မှုပေးရန်လိုအပ်ပြီး  ပြည်သူများမှ ယုံကြည်စိတ်ချစွာရယူအသုံးပြု နိုင်ရန် Cyber Security လုပ်ငန်းစဉ်များကိုလည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန Website တွင် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု သတင်းအချက်အလက်များအား အချိန်နှင့်တပြေးညီ လွှင့်တင်ဖော်ပြရန်၊ MCRD Website နှင့် Myanmar National Portal တို့တွင် English Version ဖြင့် Update လွှင့်တင် ဖော်ပြနိုင်ရေး လိုအပ်သည့် ဝန်ကြီးဌာနသတင်းအချက် အလက်များကို သက်ဆိုင်ရာ ဦးစီးဌာန/ တက္ကသိုလ်များအလိုက် ပြုစု၍ ဆောင်ရွက်သွားရန်မှာကြားလိုကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ Master Plan 2030 အရ အသေးစားစက်မှုလက်မှုလုပ်ငန်းများ Online မှ မှတ်ပုံတင် ဆောင်ရွက်နိုင်ရေးအတွက်လည်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော် ‌ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန e-Government ဖွံ့ဖြိုးတိုးတက်ရေးလက်စွဲစာစောင်အား နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသည့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများကြောင့် လိုအပ်သည့် အချက်အလက်များ Update ပြင်ဆင်/ ဖြည့်စွက်ဆောင်ရွက် ရန်နှင့် Living Document အဖြစ်ထားရှိပြီး ဦးစီးဌာန/ တက္ကသိုလ်များမှလည်း ဖြည့်စွက်ထည့်သွင်းလိုသည့် အချက်များရှိပါက ဆွေးနွေးပေါင်းစပ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ e-Government လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဝန်ထမ်းများ၏ နည်းပညာပိုင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် သက်ဆိုင်ရာ အလိုက် ဌာနတွင်း ICT အထောက်အကူပြုသင်တန်းများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနမှ ဖွင့်လှစ်ပို့ချလျက်ရှိသည့် e-Government ဆိုင်ရာသင်တန်းများသို့ သင်တန်းဝင်သတ်မှတ် အရည်အချင်းအလိုက် ဝန်ထမ်းများ တက်ရောက်နိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်ပေးရန်လိုအပ် ကြောင်း၊ e-Government စနစ်ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ သတ်မှတ် လမ်းညွှန်ချက်များနှင့်အညီ အလေးထား လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပါသည်။

          ယင်းနောက် ဦးစီးဌာန/ တက္ကသိုလ်များမှ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဝင်များက မိမိတို့သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းများ ဆောင်ရွက်ပြီးစီး မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

          တင်ပြမှုများအပေါ် အမြဲတမ်းအတွင်းဝန်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး အစည်း အဝေးကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm