Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မအူပင်မြို့နယ်၌ စီမံကိန်းကျေးရွာ ကိုးရွာအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပ


12 Jul,2024

မအူပင်မြို့နယ်၌ စီမံကိန်းကျေးရွာ ကိုးရွာအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပ

မအူပင် ဇူလိုင် ၁၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မအူပင် မြို့နယ်၌ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်မည့်ကျေးရွာ တစ်ရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဆောင်ရွက်မည့် ကျေးရွာ ရှစ်ရွာတို့မှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီထံသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မအူပင်မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မအူပင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက အမှာစကား ပြောကြားရာ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအနေဖြင့် နိုင်ငံတော်မှ ချထားပေးသည့် စီမံကိန်းရန်ပုံငွေများကို အသုံးပြုရာတွင် စာရင်းဇယားများဖြင့် စနစ်တကျထိန်းသိမ်းရန်လိုအပ်ကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို သတ်မှတ်စည်းကမ်းများနှင့်အညီ အကျိုးရှိစွာ ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။ ထို့နောက် မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီးက စီမံကိန်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီစွာ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး စီမံကိန်းလက်စွဲပါ လမ်းညွှန်ချက်များထည့်သွင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်မည့် ကျေးရွာ တစ်ရွာမှ ကျေးရွာကော်မတီဝင်များထံ ငွေကျပ် သိန်း၃၀၀နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ဆောင်ရွက်မည့် ကျေးရွာ ရှစ်ရွာမှ ကျေးရွာကော်မတီဝင်များထံ တစ်ရွာလျှင် ငွေကျပ် ၁၅၀စီအား ခရိုင်ဦးစီးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ရန်ပုံငွေများ အသီးသီးလွှဲပြောင်းပေးအပ်ရာ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များက လက်ခံရယူကြောင်း မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီးထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm