Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လမ်းဒီဇိုင်းပုံထုတ်ခြင်းနှင့် အရည်အသွေးစစ်ဆေးခြင်းဆိုင်ရာမွမ်းမံသင်တန်း အမှတ်စဉ်(၂/၂၀၂၄)ဖွင့်ပွဲကျင်းပ


11 Jul,2024

နေပြည်တော် ဇူလိုင် ၁‌၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကုန်ထုတ်လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွမ်းကျင်ထိရောက်စေရန်နှင့် တစ်ဦးချင်းစီ၏ အရည်အချင်းမြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍  လမ်းဒီဇိုင်းပုံထုတ်ခြင်းနှင့် အရည်အသွေးစစ်ဆေးခြင်းဆိုင်ရာ မွမ်းမံသင်တန်း အမှတ်စဉ်(၂/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၁ ရက်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၃၆)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦး‌မောင်ဝင်းက မိမိတို့ဦးစီးဌာနရှိ ဝန်ထမ်းများ ကုန်ထုတ်လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုကျွမ်းကျင်ထိရောက်စေရန်နှင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ အရည်အချင်းမြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍  လမ်းဒီဇိုင်းပုံထုတ်ခြင်းနှင့် အရည်အသွေးစစ်ဆေးခြင်းဆိုင်ရာမွမ်းမံသင်တန်းကို ဖွင့်လှစ် ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချသော ဘာသာရပ် များကို စနစ်တကျလေ့လာ သင်ယူပြီး အပြန်အလှန်ဆွေးနွေး မေးမြန်းကြရန် မှာကြားပြီးနောက် သင်တန်းသားသင်တန်းသူများက တစ်ဦးချင်းမိတ်ဆက် ကြပါသည်။

အဆိုပါ ကုန်ထုတ်လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွမ်းကျင်ထိရောက်စေရန် နှင့် တစ်ဦးချင်းစီ၏ အရည်အချင်းမြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ လမ်းဒီဇိုင်းပုံထုတ်ခြင်းနှင့် အရည်အသွေးစစ်ဆေးခြင်းဆိုင်ရာ မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၄)ကို ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနများမှ အင်ဂျင်နီယာဝန်ထမ်း သင်တန်းသား သင်တန်းသူများ(၃၁)ဦး တက်ရောက် ကြပြီး သင်တန်းကို ဇူလိုင် ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၃ ရက်နေ့အထိ  (၃)ရက်ကြာ ဖွင့်လှစ်ပို့ချ သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm