Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကံမမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုမုန့်မျိုးစုံပြုလုပ်နည်းသင်တန်းဖွင့်လှစ်


09 Jul,2024

ကံမ ဇူလိုင် ၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မုန့်မျိုးစုံပြုလုပ်နည်းသင်တန်းဖွင့်ပွဲကို ဇူလိုင်၈ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ရှေးဦးစွာ သရက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးမိုးဝင်း က သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ဆက်လက်၍ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုးက အသက်မွေးဝမ်းကျောင်းအထောက်အကူပြုမုန့်မျိုးစုံပြုလုပ်နည်း သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ သင်တန်းက သင်ကြားပို့ချပေးမည့် သင်ခန်းစာများကိုကြိုးစားသင်ယူကာ မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိအောင်ဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်းပြောကြားသည်။ထို့နောက် သင်တန်းနည်းပြဆရာက သင်တန်းစည်းမျဉ်းစည်းကမ်းများနှင့်သင်ကြားပို့ချ မည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။အဆိုပါ သင်တန်းသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကံမမြို့နယ်အတွင်းရှိ ကျေးရွာခြောက်ရွာမှသင်တန်းသား ဦးရေ ၂၀ တက်ရောက်ကြကာ သင်တန်းကို ဇူလိုင် ၈ရက်မှ ဇူလိုင်၁၄ရက်နေ့ထိ ခုနှစ်ရက်ကြာ စာတွေ့ လက်တွေ့ဖြင့် အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နော်လူး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm