သရက် ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သရက်မြို့နယ်အတွင်း ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော သရက် - မင်းလှလမ်းမှ ဓာတ်ကုန်း - ပေါက်တောလမ်းပေါ်တွင် R.C.C Box ပါသော ရေကျော် ပေ ၂၂၀ တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများက ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
အဆိုပါ လမ်းပေါ်ရှိ ရေကျော်တည်ဆောက်ပြီးစီးပါက ကျေးရွာနှစ်ရွာမှ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များအတွက် အမြန်ဆုံးဆက်သွယ် သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ထွန်း
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်