Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

"တောင်တွင်းကြီးမြို့နယ် ဝံအော်ကြီးကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး"


10 Jul,2024

"တောင်တွင်းကြီးမြို့နယ် ဝံအော်ကြီးကျေးရွာ၌  စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး"


   တောင်တွင်းကြီး၊ဇူလိုင် ၁၀


မကွေးတိုင်းဒေသကြီး ၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေကို အချိန်အခါမရွေး အိမ်တိုင်ရာရောက် ရယူသုံးစွဲနိုင်စေရန်ရည်ရွယ်၍ တောင်တွင်းကြီးမြို့နယ် ကင်မွန်းတောင်ကျေးရွာအုပ်စု၊ဝံအော်ကြီးကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ဇူလိုင် ၉ရက်နံနက်ပိုင်းကတာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန် နှင့် အင် ဂျင်နီယာဝန်ထမ်းများကကျေးရွာရေရရှိရေးကော်မတီဝင်များနှင့်အတူ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကိုကြည့်ရှုစစ်ဆေးပြီးမြို့နယ်ဦးစီးမှူးဦးခုတ်မွန်းလျန် ကကျေးရွာသောက်သုံးရေရရှိရေးကော်မတီဝင်များနှင့်အတူ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများကိုသတ်မှတ်ကာလအတွင်းလုပ်ငန်းများရာနှုန်းပြည့်ပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်းဆွေးနွေးမှာ ကြားခဲ့သည်။  တောင်တွင်းကြီးမြို့နယ် ကင်မွန်းတောင်ကျေးရွာအုပ်စု၊ဝံအော်ကြီးကျေးရွာ၌ တိုင်းဒေသကြီးအစိုးရခွင့်ပြုရန်ပုံငွေကျပ် ၂၈ဒသမ ၄၂၅သန်းဖြင့် ၄လက်မ GI ပိုက်အမျိုးအစား အနက်၅၄၀ပေ အတိုင်းအတာရှိ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို မြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနရှိ အင်ဂျင်နီယာစုဖွဲ့မှုဖြင့်  ယခုနှစ် မေလတတိယပတ်မှတာဝန်ယူဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ၈၀ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ် ကြောင်း၊အဆိုပါ လုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါကဝံအော်ကြီးကျေးရွာရှိ အိမ်ခြေ ၁၀၁အိမ်၊လူဦးရေ ၄၄၁ဦးတို့၏ လူနေမှုအဆင့်အတန်းမြင့်မားလာမည့်အပြင် ကျေးရွာရှိ ကျွဲ၊နွားတိရစ္ဆာန်များနှင့်ကျေးရွာသူ၊ကျေးရွာသားတို့အတွက် ရာသီအချိန်အခါမရွေး အိမ်တိုင်ရာရောက်သန့်ရှင်းသော သောက်သုံးရေကို အလွယ်တကူရရှိမည်ဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးခုတ်မွန်းလျန်က ပြောပြ၍သိရသည်။
                                                      နွဲ့ယဥ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm