Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းတုန်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲနည်း(AVIP) သင်တန်း ဖွင့်ပွဲကျင်းပ


10 Jul,2024

မင်းတုန်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲနည်း(AVIP) သင်တန်း ဖွင့်ပွဲကျင်းပ
*************************************
မင်းတုန်း      ဇူလိုင်        ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဆောင်ရွက်ရာ၌ အဆင်ပြေလွယ်ကူစေရန်အတွက် စီမံချက်ရေးဆွဲရေးနှင့် စီမံကိန်းရန်ပုံငွေသုံးစွဲရေးအစီအစဉ်(AVIP) သင်တန်းဖွင့်ပွဲကို နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှမျိုးသူက ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲရေးနှင့် စီမံကိန်းရန်ပုံငွေသုံးစွဲရေးအစီအစဉ်(AVIP)သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံကိန်းတာဝန်ခံက စီမံကိန်းရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲနည်း(AVIP)ဆိုင်ရာ ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်မည့် မှန်(ရွာမ)ကျေးရွာမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ၉ ဦး တက်ရောက်ခဲ့ကြောင်း မင်းတုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အထွေး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm