Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဥတ္တရသီရိမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသော သမဝါယမအသင်းသားတောင်သူများသို့ မျိုး၊ သွင်းအားစုများ ပေးအပ်


05 Jul,2024

နေပြည်တော် ဇူလိုင် ၅

          ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ  ၆ ရက်နေ့တွင် ကျရောက်မည့် ၁၀၂ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်လျက်ရှိသော သမဝါယမအသင်း(၁၁)သင်း၊ အသင်းသားတောင်သူ(၂၂၆)ဦး၏ မိုးစပါးစိုက်ဧက(၅၅၇)ဧက၊ ဝါစိုက်ဧက(၄၆)ဧကတို့အား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နိုင်ငံတော် ထောက်ပံ့ငွေဖြင့် မျိုးအိတ်(၅၀၀)၊ သွင်းအားစု(၂၁၂)အိတ်တို့အတွက် တန်ဖိုးငွေကျပ်(၅၀၅၆)သိန်း ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

          အဆိုပါအခမ်းအနားတွင် နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယုယုအေးက တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးတို့က အသီးသီးအမှာစကားပြောကြားပြီးနောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိက မြို့နယ်အတွင်း သမဝါယမလုပ်ငန်းများဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများသို့ မျိုး၊ သွင်းအားစုများအတွက် လူမှုစီးပွားမြှင့်တင်ရေးစီမံကိန်း၊ နိုင်ငံတော်ထောက်ပံ့ငွေကျပ်(၅၀၅၆)သိန်း အား အရင်းမပျောက်မတည်ငွေအဖြစ် ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။

          အခမ်းအနားသို့ နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယုယုအေးနှင့် တာဝန် ရှိသူများ၊ သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာမြို့နယ်အဆင့်တာဝန်ရှိသူများ၊ ဥတ္တရသီရီမြို့နယ် အတွင်းရှိ သမဝါယမအသင်းသားတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm