Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အပြည်ပြည်ဆိုင်ရာသမဝါယမနေ့(၁၀၂)နှစ်မြောက်အထိမ်းအမှတ် စာနယ်ဇင်းအရောင်းဆိုင်ဖွင့်ပွဲ ကျင်းပ


05 Jul,2024

မန္တလေး ဇူလိုင် ၅

မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်နှင့် ဓမ္မသံတော်ဆင့်စာပေဖြန့်ချီရေးတို့ ပူးပေါင်း ဖွင့်လှစ်သည့်  စာနယ်ဇင်းအရောင်းဆိုင်ဖွင့်ပွဲကို ဇူလိုင် ၃ ရက်က ရတနာပူရမြန်မာ့လက်မှုနှင့် အနုပညာဗိမာန်ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်ဦး၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦး၊ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးထွန်းလှိုင်နှင့် ဓမ္မသံတော်ဆင့် အယ်ဒီတာချုပ် ဦးကျော်စွာဝင်းတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးနှင့်တကွ ဖိတ်ကြားထားသည့် ဧည့်သည်တော်များက စာနယ်ဇင်းအရောင်းဆိုင်နှင့် ရတနာပူရအရောင်းဆိုင်အတွင်း လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ ဓမ္မသံတော်ဆင့် စာနယ်ဇင်းအရောင်းဆိုင်တွင် သုတရသ စာအုပ်ပေါင်း (၂၀၀၀) အုပ် ကို နေ့စဥ်ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm