Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြင်ဦးလွင်မြို့နယ် သမဝါယမဦးစီးဌာနတွင် နို့စားနွားမွေးမြူထားသည့် အသင်းသားများသို့ နွားစာစရိတ်ပံ့ပိုးပေးအပ်


05 Jul,2024

ပြင်ဦးလွင် ဇူလိုင် ၅

၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြင်ဦးလွင်မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ် သမဝါယမအသင်းစုတို့မှ နွားမွေးမြူရေး ဆောင်ရွက်နေသော အသင်းသားများအား ဇူလိုင် ၃ ရက်က နွားစာစရိတ် ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပံ့ပိုးပေးအပ်ရာတွင် နို့ထွက်နွားမတစ်ကောင်လျှင် နွားစာစရိတ် (၅၀၀၀ဝိ/-)နှုန်းဖြင့် ပြင်ဦးလွင် နို့စားနွားမွေးမြူရေး သမဝါယမအသင်းလီမိတက်တွင် နို့ထွက်နွားမ (၇၁)ကောင်အတွက် နွားစာစရိတ်တန်ဖိုးငွေကျပ် (၃၅.၅)သိန်းအား ပြင်ဦးလွင်မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေး ခန်းမတွင် ဦးစီးအရာရှိ ဒေါ်ခင်မိုးကြည်မှ အသင်းဥက္ကဋ္ဌထံသို့ ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။

ဖြူလူသစ် (ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm