မိတ္ထီလာမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲရေးအစီအစဉ်(AVIP)သင်တန်းဖွင့်လှစ်ပို့ချ
မိတ္ထီလာ ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ ၂၀ ရွာမှ ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေးအစီအစဉ်(AVIP)သင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရည်ရွယ်ချက်များ၊ စီမံကိန်းလုပ်ငန်းစဉ်များ၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေးအစီအစဉ်(AVIP)၊ ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်း၊ ကျေးရွာသယံဇာတမြေပုံရေးဆွဲခြင်း၊ ရာသီခွင်ပြက္ခဒိန်ရေးဆွဲခြင်းနှင့်ပတ်သက်သည့် သင်ခန်းစာများကို ဆွေးနွေး ပို့ချကြပါသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲရေးအစီအစဉ် (AVIP) သင်တန်းကို မိတ္ထီလာမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့်ကျေးရွာ ၁၄ ရွာမှ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင် စုစုပေါင်း သင်တန်းသား ၂၈ ဦးတက်ရောက်ကြပြီး သင်တန်းကို ငါးရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်