မုံရွာ ဇူလိုင် ၃
(၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပွဲတော် အခမ်းအနားကို ဇူလိုင် ၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီးသမဝါယမဦးစီးဌာနရုံးဝန်းအတွင်း၌ ကျင်းပ သည်။
ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးက သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပပြုလုပ်ရခြင်းအား ရှင်းလင်းပြောကြားပြီးနောက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဝန်ထမ်းများ၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်မှ အမှုဆောင်များ၊ စုစုပေါင်း (၁၀၀) ဦးခန့်နှင့်အတူ သတ်မှတ်နေရာအသီးသီးတွင် သရက်၊ မန်ကျည်း၊ ပိန္နဲ၊ ခရေ၊ ကံ့ကော်၊ ဗန်ဒါပျိုးပင် (၆)မျိုးပါဝင်သော အပင်စုစုပေါင်း (၇၀) ခန့်ကို ၂၀၂၄ခုနှစ်၊ (၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်