Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇေယျာသီရိမြို့နယ် သာယာကုန်းကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံသံဂဟေဆက်သင်တန်း ဖွင့်လှစ်


05 Jul,2024

နေပြည်တော် ဇူလိုင် ၅
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင် ၊ ဇေယျာသီရိမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကအသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံသံဂဟေ ဆက်သင်တန်းဖွင့်ပွဲကို ဇူလိုင်၄ရက် နံနက်ပိုင်းက သာယာကုန်းကျေးရွာအုပ်စု၊ သာယာကုန်း ကျေးရွာဓမ္မာရုံ၌
ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်၊၊
ရှေးဦးစွာ ဇေယျာသီရိခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ဇေယျာသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်ကသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊
သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိသောအတတ်ပညာများကို စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး လက်တွေ့နယ်ပယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပြီးမိသားစု စီးပွားရေးကို အထောက်အပံ့ပေးနိုင်အောင် ကြိုးစားသွားကြရန် ပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြဆရာက သင်တန်းတွင်ပို့ချမည့်ဘာသာရပ်များနှင့်သင်တန်း တက်ရောက်ရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကိုရှင်းလင်းပြောကြားပြီး ဇေယျာ သီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးမျိုးဇော်က သင်တန်း သားများထံ သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းကို ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာမှသင်တန်းသားဦးရေ ၁၀ တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ဇူလိုင် ၄ ရက်မှ၂၃ရက်ထိ ရက် ၂၀ကြာ စာတွေ့ လက်တွေ့ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm