Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကော့မှူးမြို့နယ် ပျားမွှတ်ကျေးရွာ၌ မြစိမ်းစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်း


05 Jul,2024

ကော့မှူးမြို့နယ် ပျားမွှတ်ကျေးရွာ၌  မြစိမ်းစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်း
************************************
ကော့မှူး        ဇူလိုင်         ၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် နှင့် ဆင်းရဲမှုလျော့ချနိုင်ရန်အတွက်  ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင်မြစိမ်း ရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ရန်အတွက် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ဝင်များ ရွေးချယ်ဖွဲ့စည်းခြင်းက်ို ယနေ့နံနက်ပိုင်းက ပျားမွှတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တွံ့တေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဝင်းထွန်းနိုင်က အမှာစကား ပြောကြားပြီး ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်က မြစ်ိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းမှ ရရှိလာမည့် အကျိုးကျေးဇူးများ၊ ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များနှင့် လုပ်ငန်းအဖွဲ့ဝင်များ၏ တာဝန်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာရပ်မရပ်ဖများ၊ ကျေးရွာသူ၊ ကျေးရွာသားများ၏ သဘောဆန္ဒနှင့်အညီ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်(၇)ဦးကို စနစ်တကျ ရွေးချယ်ဖွဲ့စည်းပေးခဲ့သည်။

ကော့မှူးမြို့နယ်၊ ပျားမွှတ်ကျေးရွာအုပ်စု၊ ပျားမွှတ်ကျေးရွာတွင် အိမ်ခြေ(၁၀၉)အိမ်၊ အိမ်ထောင်စု(၁၂၆)စု၊ လူဦးရေ(၄၂၃)ဦးရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် သိန်းသုံးရာအား ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါရန်ပုံငွေဖြင့် တပိုင်တနိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးချဲ့ဆောင်ရွက်ခြင်းဖြင့် ကျေးရွာသူ/သားများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာမည်ဖြစ်ကြောင်း ကော့မှူးမြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm