Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၁ဝ၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမရပူရမြို့နယ် ရှေ့ဆောင်ငွေစုငွေချေးသမဝါယမအသင်းသားများအား ဆန်များထောက်ပံ့


05 Jul,2024

အမရပူရ ဇူလိုင် ၄

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် သမဝါယမဦးစီးဌာနက ဇူလိုင်လ ၆ ရက် နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမရပူရမြို့နယ် ရှိ ရှေ့ဆောင်ငွေစုငွေချေးသမဝါယမအသင်းသားများအား ယမန်နေ့က မြို့နယ်သမဝါယမဦးစီးဌာန ရုံး၌ ဆန်များထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဟိန်းစစ်ကျော်က အသင်းသားများအား ထောက်ပံ့ပေးရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အသင်းသား၊ အသင်းသူများ သက်သာချောင်ချိရေးအတွက် စုစုပေါင်းငွေကျပ် ၃၁၅၀၀၀ တန်ဘိုးရှိဆန်များကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm