Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စဉ့်ကိုင်မြို့နယ် မိုးကောင်းနို့စားနွားမွေးမြူရေး သမဝါယမအသင်းလီမိတက်မှ အစာဖိုးငွေများ ထောက်‌ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ


05 Jul,2024

စဉ့်ကိုင် ဇူလိုင် ၄

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေတွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မိုးကောင်း ကျေးရွာရှိ မိုးကောင်းနို့စားနွားမွေးမြူးရေးသမဝါယမအသင်းလီမီတက်မှ နိုးစားနွားမွေးမြူထားသော အသင်းသား (၁၁)ဦးအား အစာဖိုးငွေထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ထို့သို့ ထောက်ပံပေးအပ်ပွဲတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကြူ က အဖွင့်အမှာစကား‌ပြောကြားပြီး ထောက်ပံ့‌ငွေများပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကြူနှင့် ဝန်ထမ်းများ၊  မြို့နယ် သမဝါယမအသင်းစုမှ တာဝန်ရှိသူများက နို့စားနွားတစ်ကောင်လျှင်(၅၀၀၀ဝိ/)ကျပ်နှုန်းဖြင့် နွား အကောင်ရေ(၆၅)ကောင်အတွက် (၃၂၅၀၀၀ဝိ/)ကျပ်ကို နို့စားနွားမွေးမြူထားသော အသင်းသား များအား ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm