Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ပန်းတောင်းမြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းများ စုပေါင်းသစ်ပင်စိုက်ပျိုး


05 Jul,2024

ကျောက်ပန်းတောင်း ဇူလိုင် ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်သမဝါယမဦးစီးဌာနမှ(၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇူလိုင် ၄ ရက်က မြို့နယ် ဦးစီးအရာရှိနှင့်ဝန်ထမ်းများစုပေါင်း၍ ရုံးဝန်းအတွင်း အရိပ်ရသစ်ပင်များ စိုက်ပျိုးခဲ့ကြကြောင်းသိရ သည်။

ဇူလိုင်(၆)ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက်အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်ပြုလုပ်သည့် စုပေါင်းသစ်ပိုင်စိုက်ပျိုးပွဲတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ဇာခြည်အေးနှင့် ဝန်ထမ်းများက မန်ကျည်း၊ တမာ၊ ယင်းမာ အစရှိသည့် ပျိုးပင်(၅၀)ကို ရုံးဝန်းအတွင်း ဖြန့်ခွဲစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm