Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်ကြီးနားမြို့နယ် စိုက်ပျိုးရေးငွေစုငွေချေးသမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အဖွဲ့သစ် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပ


05 Jul,2024

မြစ်ကြီးနား ဇူလိုင်  ၅

               ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် စိုက်ပျိုးရေးငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ဧရာရပ်ကွက်ရှိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

               အဆိုပါအခမ်းအနားတွင် အသင်းမှ စုဆောင်းငွေပေါ်အတိုးငွေကျပ် (၅၄၅၆၁၇၅) ၊ အသင်းသားချီးမြှင့်ငွေကျပ် (၁၃၀၀၀၀၀)၊ တက်ရောက်လာသည့် အသင်းသား/သူတစ်ဦးလျှင် ငွေကျပ် (၁၀၀၀၀) နှုန်းဖြင့် အသင်းသား/သူ (၁၃၀)ဦးအတွက် ငွေကျပ် (၁၃၀၀၀၀၀)၊ စုစုပေါင်းငွေကျပ် (၈၀၅၆၁၇၅) ထုတ်ပေးခဲ့ကြောင်းနှင့် သမဝါယမဥပဒေ၊ နည်းဥပဒေနှင့်အညီ အမှုဆောင်သစ် (၇)ဦးကို ရွေးချယ်ခြင်း၊ ကတိသစ္စာခံယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

               အခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များနှင့် အသင်းသား/သူ (၁၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm