Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထားဝယ်မြို့တွင် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ဆောင်ပုဒ် စာစီစာကုံးရေးဖြေစာမေးပွဲ ကျင်းပ


05 Jul,2024

ထားဝယ် ဇူလိုင် ၅

(၁၀၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇူလိုင် ၄ ရက်က တနင်္သာရီတိုင်းဒေသကြီးသမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ သမဝါယမ ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ် သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၂၃) ဦးတို့က သမဝါယမနည်းဥပဒေနှင့် ဝန်ထမ်းခွင်စည်းကမ်း ဘာသာရပ်များ၊ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဆောင်ပုဒ်စာစီစာကုံးများအား ဌာနတွင်းရေးဖြေစာမေးပွဲ ကျင်းပခဲ့သည်။

ထို့သို့ ဌာနတွင်းရေးဖြေစာမေးပွဲကျင်းပနေမှုကို တိုင်းဒေသကြီးသမဝါယမဦးစီးမှူး ဦးကျော်စိုးမင်း နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး စာမေးပွဲဖြေဆိုရာတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများကို ဇူလိုင်လ (၅) ရက်နေ့တွင် ဆုများပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)

တနင်္သာရီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm