Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၁၀၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစု(မျိုး)ထောက်ပံ့ပေးအပ်


04 Jul,2024

နေပြည်တော်၊ ဇူလိုင် ၁

          နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာတွင် (၁၀၂)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူမှုစီးပွားမြှင့်တင်ရေးစီမံကိန်းမှ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သည့် အသင်းသားတောင်သူများအား သွင်းအားစု(မျိုး)ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ရွာလယ်ခန်းမတွင်  ကျင်းပခဲ့သည်။

          အဆိုပါအခမ်းအနားတွင် ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ နေပြည်တော် သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်အောင်နှင့်တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးတင်ထွန်းတို့ တက်ရောက်ခဲ့ကြသည်။

 ဆက်လက်၍ တာဝန်ရှိသူများက သမဝါယမအသင်း(၁၅)သင်းမှ အသင်းသား(၂၂၁)ဦး၊ စိုက်ဧက (၅၄၀)တို့အတွက် လိုအပ်သောသွင်းအားစု (၁၅၅)အိတ်၊ မျိုးစပါး(၅၄၀)အိတ်တို့အတွက် ပံ့ပိုးငွေကျပ်စုစုပေါင်း(၄၄.၉၉)သိန်းအား သမဝါယမအသင်းသားကိုယ်စားလှယ်များထံသို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm