Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံဖုန်းပြင်သင်တန်းဖွင့်လှစ်


04 Jul,2024

ဘားအံ   ဇူလိုင်   ၄

          ကရင်ပြည်နယ်၊ ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံဖုန်းပြင်သင်တန်းဖွင့်ပွဲ အခမ်း အနားကို ဇူလိုင် ၇ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်၊၊

ရှေးဦးစွာ ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းနိုင်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် တက်ရောက်သင်ယူကြသော သင်တန်းသားများအနေဖြင့် မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရှာဖွေနိုင်သည်အထိ ကြိုးစားသင်ယူကြရန်နှင့် ဖုန်းပြုပြင်ခြင်းဆိုင်ရာ အတတ်ပညာ များကို ပိုမိုတွင်ကျယ်စွာသိရှိနားလည်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ အခြေခံဖုန်းပြင်သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်က တက်ရောက်လာကြသော သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ် ခဲ့သည်။

          အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံဖုန်းပြင်သင်တန်းကို ဘားအံ ခရိုင်အတွင်းရှိ ကျေးရွာရှစ်ရွာမှ သင်တန်းသားဦးရေ ၁၀ဦး တက်ရောက်ကြပြီး သင်တန်းတွင် သင်တန်းနည်းပြဆရာက စာတွေ့၊ လက်တွေ့ဖြင့် သင်ကြားပို့ချခဲ့ကြောင်း၊ သင်တန်းကို ဇူလိုင်လ ၃ရက်မှ ဇူလိုင်လ ၁၂ရက်အထိ ၁၀ရက်ကြာ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ဘားအံ ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်ထံမှ သိရသည်၊၊ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm