Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

"တောင်တွင်းကြီးမြို့နယ် ရွာလေးကုန်း ကျေးရွာ၌ ဆိုင်ကယ်ပြင်သင်တန်း ဖွင့်ပွဲ ကျင်းပ"


04 Jul,2024

တောင်တွင်းကြီး၊ ဇူလိုင် ၄

           မကွေးတိုင်းဒေသကြီး ၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က တောင်တွင်းကြီးမြို့နယ် တရုတ်ကောကျေးရွာ အုပ်စု၊ရွာလေးကုန်းကျေးရွာ၌ အသက် မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲကို ဇူလိုင် ၃ရက် နေ့လည် ၂နာရီအချိန်က အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
         ရှေးဦးစွာ မကွေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးနှင့်တောင်တွင်းကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး ကျော်ဇင်ညွှန့်တို့ကအဖွင့်အမှာစကားပြောကြားပြီး တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန် က ကျေးလက်နေအမျိုးသားလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးနှင့် မိသားစုဝင်ငွေတိုးပွားရန်အတွက်ဆိုင်ကယ်ပြင် သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ၊သင်တန်းမှရရှိလာမည့်  အသိပညာများကိုလည်းသင် တန်းသားများအနေဖြင့်အကျိုးရှိရှိအသုံးချစေလိုကြောင်း၊သင်တန်းကာလပြီးဆုံးသည့်တိုင် စိတ်ပါဝင်စားစွာ လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်သည်အထိ သင်ယူကြစေလိုကြောင်း ပြောကြားသည်။
              ဆက်လက်၍ သင်တန်းနည်းပြဆရာများ က သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသောသင်တန်းသားများက  တစ်ဦးချင်း မိတ်ဆက်ကြသည်။ အဆိုပါ ဆိုင်ကယ်ပြင် သင်တန်းဖွင့်ပွဲသို့ ရွာလေးကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ရှိကျေးရွာများမှ  သင်တန်းသား ၂၀ ဦးတက်ရောက်ခဲ့ကြောင်း၊သင်တန်းကာလကို ဇူလိုင်လ ၃ရက်နေ့မှ ၁၇ရက်နေ့ထိ ရက်ပေါင်း (၁၅)ရက်ကြာ အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန် က ပြောပြ၍ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm