Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်ကြီးနှင့် ဟိုပုံးမြို့နယ်များရှိ သမဝါယမလုပ်ငန်းများဆောင်ရွက်နေမှု တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်


05 Jul,2024

တောင်ကြီး ဇူလိုင် ၄

ရှမ်းပြည်နယ်၊ တောင်ကြီးနှင့် ဟိုပုံးမြို့နယ်တို့ရှိ သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူ များက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ သက်ဆိုင်ရာမြို့နယ်များရှိ သမဝါယမဦးစီးဌာနများမှ တာဝန်ရှိသူများက မိမိတို့ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို တင်ပြကြရာ ညွှန်ကြားရေးမှူးက သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားကြရန်နှင့် မိမိတို့မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှုလျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် သမဝါယမအသင်းသားတောင်သူ များသို့ သွင်းအားစုများ အချိန်မီထောက်ပံ့နိုင်ရေးအစီအစဉ်များ စနစ်တကျ အလေးထား ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်