Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပျဉ်းမနားမြို့နယ်၌ သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစု(မျိုး)ထောက်ပံ့ပေးအပ်


05 Jul,2024

နေပြည်တော် ဇူလိုင် ၄

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်တွင် ၁၀၂ ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုင်ငံတော်ထောက်ပံ့ငွေဖြင့် လူမှုစီးပွား မြှင့်တင်ရေးစီမံကိန်းမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစု(မျိုး)ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို မြို့နယ်သမဝါယမဦးစီးဌာန၌ ကျင်းပ ခဲ့သည်။

          အဆိုပါအခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းလွင်က နိုင်ငံတော် ထောက်ပံ့ငွေရယူထားသော မြို့နယ်အတွင်းရှိ သမဝါယမအသင်း(၂၆)သင်း၊ အသင်းသား(၄၄၉)ဦး၊ စိုက်ဧက(၂၃၅၃.၅၄၅)တို့အတွက် လိုအပ်သောသွင်းအားစု(မျိုး)၊ ဓါတ်မြေဩဇာတို့အား အသင်းသား ကိုယ်စားလှယ်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။ အခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် ဌာနဝန်ထမ်းများ၊ သမဝါယမအသင်းသားတောင်သူကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm