Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၁၀၂)ကြိမ်ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပ


04 Jul,2024

တောင်ကြီး ဇူလိုင် ၁

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  “အနာဂတ်ဘဝပိုမိုကောင်းမွန်ရေးသမဝါယမက ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာ သင်တန်း ကျောင်း(တောင်ကြီး)တွင် ကျင်းပပြုလုပ်ရာ ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါဂုဏ်ပြုစာစီစာကုံးပြိုင်ပွဲတွင် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း(တောင်ကြီး)မှ ပထမနှစ် ကျောင်းသား ကျောင်းသူ ၉ ဦး၊ ဒုတိယနှစ် ကျောင်းသား ကျောင်းသူ ၉ ဦး၊ စုစုပေါင်း ၁၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုကြပြီး ဆုရရှိသူများအား အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့တွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm